ondragstart="return false" onselectstart="return false"

Sunday, September 20, 2009

ကေအန်ယူတပ်မဟာ(၆)နှင့် နအဖစစ်ရေးဗျူဟာ

မှတ်ချက်။ ။ တပ်မဟာ(၆)မှာ လှုပ်ရှားနေတဲ့ ဒီကေဘီအေ တပ်ဟာ ၆၀၀ ရှိတယ်ဆိုဒါမဟုတ်ပါ. သူတို့  တပ်ရင်းတွေ ခုချိန်မှာ တရင်းကို လူ ၅၀ ထက်မပိုပါ.. အလွန်ဆုံးရှိရင် ၂၅၀ ထက်မပိုပါ.. စစ်ထဲမ၀င်ချင်သော်လည်း ရွာသားတွေက ဒီကေဘီအေ တွေရဲ့ အတင်းဆွဲသွင်းခံကြရဒါမို့  စိတ်ဓါတ်ကျတဲ့ကောင်တွေနဲ့  ဘယ်လိုထွက်ပြေးရမလဲဆိုတဲ့ကောင်တွေနဲ့ ပြည့်နေပါတယ်..သူတို့  ထွက်ပြေးရင် ကျန်ရစ်တဲ့မိသားစုတွေကို နအဖက သင်ပေးတဲ့အတိုင်း ဒီကေဘီကေ ထိပ်ပိုင်းကောင်တွေက မိသားစု ကို အမျိုးမျိုးဒုက္ခပေးနေဒါမို့ ...မထွက်ပြေးတတ်အောင်ဖြစ်နေပြီး ရွာလည်နေပါတယ်..သူတို့  ဒီကေဘီအေ ကောင်းဆောင်တွေက တစ်သက်စာ စားလို့ မကုန်တဲ့ အခွင့်ရေးတွေကို နအဖ က ယာယီ ထိုးကျွေးထား ဒါကို အဟုတ်ထင်မိကြပြီမို့ ...အမျိုးသားသစ္စာဖေါက် သမိုင်းတရားခံဘွဲ့ ကို ခံယူဘို့ သူတို့  ၀န်မလေးတော့ပါ...

လေးငယ်
စက်တင်ဘာ၂၀၊၂၀၀၉။

- ကေအန်ယူတပ်မဟာ(၆)၏ ဧရိယာအနေအထားကတော့ ကရင်ပြည်နယ်ကော့ကရိတ် မြို့နယ်ကျုံဒိုးကား လမ်းကနေ ကော့ကရိတ်မြို့၊ နောက်မြဝတီမြို့ကားလမ်း တောင်ဖက်ပိုင်းဖြစ်ပြီး၊ အဲဒီကနေ ထိုင်းမြန်မာနယ်စပ်တလျှောက်ကဘုရား သုံးဆူမြို့အထိဖြစ်ပါတယ်၊၊ အနောက်ဖက်ပိုင်းမှာတော့ ဘုရားသုံးဆူမြို့ကနေ ကြာအင်းဆိပ်ကြီးမြို့နယ်၊ တခုလုံးဖြစ်ပါ တယ်၊၊ အဲဒီဒေသကို ကေအန်ယူတပ်မဟာ(၆) ဧရိယာအဖြစ် ကေအန်ယူ(ကရင်အမျိုးသားအစည်းအရုံး)ကသတ်မှတ် ထားပါတယ်၊၊

- ဒီကေအန်ယူတပ်မဟာ(၆)ရဲ့ ဧရိယာအထဲမှာ လှုပ်ရှားနေတဲ့ တပ်ရင်းတပ်ဖွဲ့တွေကတော့၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဇမိချောင်းအနောက်ဖက်ခြမ်းမှာ လှုပ်ရှားနေတဲ့ ဒုတိယဗိုလ်မှုးကြီး တင်လှိုင်ဦးစီးတဲ့ တပ်ရင်း(၁၆)၊ ဇမိချောင်းအရှေ့ ခြမ်းမှာ လှုပ်ရှားနေတဲ့ ဒုတိယဗိုလ်မှုးကြီး ဖါးခေါ့ဦးစီးတဲ့ တပ်ရင်း(၁၇)၊ ကော့ကရိတ်မြို့နယ် တောင်ဖက်ပိုင်းမှာလှုပ်ရှား နေတဲ့ ဒုတိယဗိုလ်မှုးကြီး ကို့ထူးဦးစီးတဲ့ တပ်ရင်း(၁၈)တို့ လှုပ်ရှားနေပါတယ်၊၊ တခါ ဒေါနတောင်အရှေ့ခြမ်း၊သင့်ပေါဖိုး (ဖလူး)မှာ လှုပ်ရှားနေတဲ့ ဗိုလ်မှုးလှမင်း ဦးစီးတဲ့ တပ်မဟာ(၆) အထူးတပ်ရင်းနဲ့ ဗိုလ်မှုးစောဗူးဖေါ် ဦးစီးတဲ့ကေအန်ယူ ဗဟိုအထူးတပ်ရင်းရှိနေပြီး၊ ဒုတိယဗိုလ်မှုးကြီး ဖါးနင့်ဦးစီးတဲ့ ကေအန်ဒီအို တပ်ရင်း(၆)လည်း လှုရှားနေကြောင်းသိရ ပါတယ်၊၊ စုစုပေါင်းအင်အားကတော့ တပ်ရင်း(၆)ရင်းဖြစ်ပြီး လူအင်အားအနေနဲ့ ပြောရရင်တော့ လူအင်အား(၁ဝဝဝ) တထောင် လောက်ရှိမယ်လို့ခန့်မှန်းကြပါတယ်၊၊ ကေအန်ယူ တပ်မဟာ(၆)မှုးကတော့ ဗိုလ်ချုပ်ဆာမိဖြစ်ပြီး၊ တပ်မဟာ ဗျူဟာမှုးကတော့ ဗိုလ်မှုးကြီးစောဂျိုးစွာဖြစ်ပါတယ်၊၊

- ကေအန်ယူတပ်မဟာ(၆) ဧရိယာကို စစ်ဆင်ဖို့အတွက် နအဖအရှေ့တောင်တိုင်းကနေ ဒီကေဘီအေ(တိုးတက်သော ကရင်ဗုဒ္ဓဘာသာတပ်ဖွဲ့) တပ်မဟာ(၅)ကို တာဝန်ပေးထားပါတယ်၊၊ အဲဒီတပ်မဟာ(၅)မှာပါတဲ့ တပ်ရင်းတွေကတော့၊ ကရင်ပြည်နယ်ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်တံခွန်တိုင်မှာရှိတဲ့ ဒုတိယဗိုလ်မှုးကြီးဥာဏ်မင်း ဦးစီးတဲ့ တပ်ရင်း (၉ဝ၆)၊ ဘုရားသုံးဆူမြို့နားက မဲကသကျေးရွာမှာအခြေစိုက်တဲ့၊ ဒုတိယဗိုလ်မှုးကြီးနိုင်လွင်(ခေါ်) စောနယ်လယ်ဟေး၊ ဦးစီးတဲ့တပ်ရင်း(၉ဝ၅)၊ ထီးဖိုးသံရွာမှာ အခြေစိုက်တဲ့ ဗိုလ်မှုးကြီးစောဘလူး၊ ဦးစီးတဲ့တပ်ရင်း(၉ဝ၁)၊ အစွန်းရွာမှာ အခြေစိုက်တဲ့ ဒုတိယဗိုလ်မှုးကြီးစောကျော်ကျော် ဦးစီးတဲ့တပ်ရင်း(၉ဝ၄)၊ မြဝတီမြို့မှာအခြေစိုက်တဲ့ စောနော်တရာ ဦးစီးတဲ့ တပ်ရင်း(၉ဝ၇)၊ တွေကလှုပ်ရှားနေပါတယ်၊၊ ကေအန်ယူတပ်မဟာ(၆)မှာ ရှိတဲ့ဒီကေဘီအေ တပ်မဟာ(၅) အင်အားကတော့ တပ်ရင်း(၅)ရင်းမှာ လူအင်အားစုစုပေါင်း (၆ဝဝ)လောက်ရှိပါတယ်၊၊ ဒီကေဘီအေတပ်မဟာ(၅)မှုး ကတော့ ဗိုလ်ချုပ်စောလာဖွယ်(ခေါ်) နှုတ်ခမ်းမွှေးဖြစ်ပြီး၊ ဒုတိယတပ်မဟာမှုးကတော့ ဗိုလ်မှုးကြီးစိန်မြင့်ဖြစ်ပါတယ်၊၊ ဒီကေဘီအေ တပ်မဟာ(၅)တွင် စစ်ဗျူဟာနှစ်ခုရှိပြီး၊ ဗိုလ်မှုးကြီးမော်သိုးနဲ့ ဗိုလ်မှုးကြီးစောဘလူးတို့က ဦးဆောင်နေ ပါတယ်၊၊

- ကေအန်ယူတပ်မဟာ(၆)ကို စစ်ဆင်ဖို့အတွက် နအဖကလည်း စစ်ဗျူဟာ(၄)ခု ခင်းကျင်းထားတာရှိပါတယ်၊၊ကျိုက်ဒုံ မှာအခြေချနေတဲ့ စကခ(၁၂)က နည်းဗျူဟာ(၁)ရှိပါတယ်၊၊ သူ့လက်အောက်မှာ တပ်ရင်း(၃)ရင်းရှိပါတယ်၊၊ တခါကြာ အင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းမှာအခြေစိုက်တဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရဲ့ စစ်ဗျူဟာ(၂)လည်းရှိနေပါတယ်၊၊ သူ့လက်အောက်မှာလည်း တပ်ရင်း(၃)ရင်းရှိပါတယ်၊ နောက်ပြီး၊ ကြာအင်းဆိပ်ကြီးမြို့ပေါ်မှာက အရှေ့တောင်တိုင်းစစ် ဌာနချုပ်ရဲ့ စစ်ဗျူဟာ(၁)ရှိနေပါတယ်၊၊ အလားတူဘဲ ကော့ကရိတ်မြို့မှာလည်း စကခ(၁၂)ရဲ့ နည်းဗျူဟာက ရှိနေပါ တယ်၊၊ စုပေါင်းလိုက်ရင် ကေအန်ယူတပ်မဟာ(၆) ဧရိယာထဲမှာ စစ်အစိုးရတပ်ဖွဲ့က လေးဗျူဟာတောင်ရှိနေတဲ့အတွက် တပ်ရင်းအားဖြင့် (၁၂)ရင်းရှိနေပါတယ်၊၊ လူအင်အားနဲ့ပြောရရင် လူအင်အားက (၁၅ဝဝ)လောက်ကိုရှိနေတာပါ၊၊ ဒါ တောင်ဧည့်တပ်တွေမပါ သေးပါဘူး၊၊ အထူးသဖြင့် တပ်မ(၂၂)နဲ့ တပ်မ(၄၄)က တပ်ဖွဲ့တွေကလည်း လိုရင်လိုအပ်သလို စစ်ကူတွေ ပေးနေတာရှိပါတယ်၊၊

- စစ်အစိုးရရဲ့ ဒီကေအန်ယူတပ်မဟာ(၆)စစ်ဆင်ရေးကို သုံးသပ်ရမယ်ဆိုရင်၊ လူအင်အားကိုက နအဖတပ်နဲ့ဒီကေဘီ အေနှစ်တပ် ပေါင်းလိုက်ရင် (၂ဝဝဝ)ကျော်နေပါပြီး၊ ဒါတောင်ဧည့်တပ်တွေမပါသေးပါဘူး၊၊ ကေအန်ယူတပ်မဟာ(၆) မှာက အများဆုံးနှုန်းနဲ့ တွက်ရင်တောင်မှ လူအင်အား(၁ဝဝဝ)သာရှိနေတာပါ၊၊ လက်နက်အင်အားချိန်ခွင်လျှာကိုကြည့် ရင်လည်း၊ တချိန်ကလက်နက်ကြီးအင်အား သုံးနိုင်ခဲ့တဲ့ကေအန်ယူဟာ အခုဆိုရင် မတွေ့ရသလောက်ကိုဖြစ်နေပါပြီး၊၊

- စစ်ဗျူဟာအရကြည့်ရင်လည်း၊ နအဖဟာ ကေအန်ယူတပ်တွေကို ဒီကေဘီအေတပ်နဲ့ဘဲ ထိပ်တိုက်တိုးစေပါတယ်၊၊ နအဖတပ်ကတော့ အရံသဘောလောက်သာ လှုပ်ရှားနေပါတယ်၊၊ ပြီးတော့အချက်အချာကျတဲ့ ကရင်ရွာတွေကို စခန်း ချတဲ့နည်းနဲ့ နေရာယူပြီး ကေအန်ယူတပ်ဖွဲ့တွေ လှုပ်ရှားနယ်မြေဂွင် ကျင်းလာအောင် ဆောင်ရွက်နေပါတယ်၊ ကရင်ရွာ တွေကိုလည်း ကရင်လူမျိုးတမျိုးတည်းသာ နေထိုင်ဖို့နအဖတပ်တွေက ကျေးရွာရယက တွေကိုညွှန်ကြားနေပါပြီး၊၊ မွန် လူမျိုးတွေရောတဲ့ရွာတွေကိုတော့ နေခွင့်ပြုပေမဲ့ အခြားလူမျိုး တွေရောနေရင်တော့ မြို့ပေါ်ပြောင်းခိုင်းနေတယ်လို့ကြား သိရပါတယ်၊၊ အဲဒါကကြာအင်းဆိပ်ကြီးမြို့နယ် ထဲကတောပိုင်းကျတဲ့ရွာ တွေကိုအဲဒီလိုလုပ်နေခဲ့တာပါ၊၊ လိုအပ်ရင်ကျေး ရွာတွေကို စုစည်းလိုက်ပြီး၊ ရွာသားတွေကို ကေအန်ယူတွေနဲ့ အဆက်ပြတ်နေအောင် လုပ်ထားနေပါတယ်၊၊

- ကေအန်ယူတပ်ဖွဲ့တွေကတော့၊ စစ်ရေးအရ ဒီကေဘီအေတပ်ဖွဲ့ကို ရှောင်နိုင်သမျှရှောင်ပြီး၊ နအဖတပ်ဖွဲ့တွေကိုတော့ ပျောက်ကြားနည်းနဲ့ ထိပ်တိုက်တိုးစေပြီး အထူးသဖြင့် မိုင်းနဲ့စစ်ဆင် တိုက်ခိုက်နေခဲ့ပါတယ်၊၊ အကယ်၍နအဖကထိုးစစ် ဆင်လာခဲ့ရင်လည်း ကေအန်ယူက မိမိတို့ရဲ့တပ်ဖွဲ့တွေကို အပျောက်ဖျောက်ပြီး၊ နအဖတပ်ပြန်အဆုတ်မှာပြန်လည် တိုက်ခိုက်တဲ့နည်းကို ကျင့်သုံးမယ်လို့ကြားသိရပါတယ်၊၊ ဒါပေမဲ့လို့နအဖက ဒီကေဘီအေကိုသာ ရှေ့တန်းတင်ပြီး လှုပ်ရှားနေတဲ့အတွက် ကေအန်ယူတွေခင်ဗျာ၊ အခက်တွေ့နေရတယ်လို့ စစ်ရေးအကဲခတ်တွေက ဆိုနေကြပါတယ်၊၊
kaowao သတင်းမှ

No comments:

Post a Comment