ondragstart="return false" onselectstart="return false"

Sunday, September 27, 2009

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်သန်းရွှေ ယခု ဘာတွေလုပ်ပြန်ပြီလဲ

၁။ အမေရိကန်နိုင်ငံအပါအ၀င် နိုင်ငံတကာနှင့် UN တို့က ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေးနှင့် ရွေးကောက်ပွဲကို နိုင်ငံတကာက လက်ခံလာနိုင်သည်အထိ နအဖက ပြုပြင်ဆောင်ရွက်နိုင်ရေး တောင်းဆိုချက်များ ရှိနေပါတယ်။ ဗိုလ်သန်းရွှေဟာ ဒေါ်အောင်ဆန်းစုကြည်ကို (တည်ကြက်) အဖြစ်ထားကာ နိုင်ငံတကာအား အထူးသဖြင့် US ကို အပေးအယူ ညှိနှိုင်းမှု ပြုလုပ်မှာ ဖြစ်ပါတယ်။
၂။ “ရှိုး” ချသကဲ့သို့ ဖဲဝိုင်းတစ်ဝိုင်းပမာ တင်စားရရင် ဗိုလ်သန်းရွှေက ဒေါ်အောင်ဆန်းစုကြည် ဖဲချပ်အား လှန်ထားသလို US ကတော့ မြန်မာနိုင်ငံအပေါ် ပြန်လည်သုံးသပ်မှု မူဝါဒဖဲချပ်အား လှန်ထားပြီး တရုတ်နိုင်ငံကမှု UWSA ဖဲချပ်အား လှန်ထားကာ အပြန်အလှန် “အောက်ပြုတ်” ဆော်တော့မဲ့ အနေအထား ဖြစ်နေပါတယ်။ ဘယ်သူ ဟောက်စားလဲ ၊ ဘယ်သူက အမှန်အကန်လဲဆိုတာ မကြာတော့တဲ့ အချိန်ကာလက အဆုံးအဖြတ်ပေးတော့မှာ ဖြစ်ပါတယ်။

၃။ ထိပ်တန်းလျှို့ဝှက်အဆင့် ၂၀၀၉ ခုနှစ် စက်တင်ဘာလ (၂၁/၂၂/၂၃) ရက် ၀န်းကျင် ကြပ်ပြေးနေပြည်တော် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှာ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ ဦးဆောင်မှုကော်မတီ တံခါးပိတ် အစည်းအဝေး ကျင်းပခဲ့ပါတယ်။ အဲဒီအစည်းအဝေးမှာ ၀ါရှင်တန်တွင် စက်တင်ဘာ (၁၉) ရက်နေ့မှာ တွေ့ဆုံဆွေးနွေးခဲ့သည့် နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းရဲ့ တင်ပြထားခဲ့သော အစီရင်ခံစာကို သုံးသပ်ဆွေးနွေးခဲ့ ကြပါတယ်။ အထူးသဖြင့် အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ၊ အထက် လွှတ်တော် အမတ်၊ အရှေ့အာရှနှင့် ပစိဖိတ်ဒေသ ဆိုင်ရာ ဆပ်ကော်မီတီ ဥက္ကဋ္ဌ မစ္စတာ ဂျင်မ်ဝက်ဘ် (Jim Webb) နဲ့ နိုင်ငံခြားရေး ၀န်ကြီး ဦးဥာဏ်ဝင်း ပြောဆိုဆွေးနွေးခဲ့သည့် အကြောင်းအရာများ ဖြစ်ပါတယ်။ နိုင်ငံခြားရေး ၀န်ကြီး ဦးဥာဏ်ဝင်းဟာ ဂျင်မ်ဝက်ဘ် (Jim Webb) နဲ့ တွေ့ဆုံခဲ့စဉ် ၀န်ကြီးချုပ် ဗိုလ်သိန်းစိန်ရဲ့ ခရီးစဉ် အတွက် ကြိုတင် ညှိနှိုင်းခဲ့ပြီး ဖြစ်နိုင်ရင် အမေရိကန်မှ အနည်းဆုံး နိုင်ငံခြားရေးဝန်ကြီးအဆင့်က ဗိုလ်သိန်းစိန်အား တရားဝင်လက်ခံ ဆွေးနွေးသွားဖို့ နအဖရဲ့ လိုလားချက်ကို တင်ပြခဲ့တယ်လို့ သိရပါတယ်။ ဦးဥာဏ်ဝင်းရဲ့ တင်ပြထားတဲ့ အစီရင်ခံစာအရ သုံးသပ်ထားတာကတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက လက်ခံတွေ့ဆုံဖို့ ဆိုရာမှာ လောလောဆယ် မဖြစ်နိုင်သေးကြောင်း အလွတ်သဘောနဲ့ တရားမ၀င် တွေ့ဆုံဖို့ ဆိုတာကတော့ အမေရိကန် အစိုးရရဲ့ မူဝါဒနဲ့ အခြေအနေပေါ်တွင်သာ မူတည်တယ် လို့လည်း သိရှိရပါတယ်။ ၀န်ကြီးချုပ် ဗိုလ်သိန်းစိန် အနေနှင့် UN ကို သွားရောက်ရာတွင် နောက်ဆုံး သံတမန်ရေးရာ အခင်းအကျင်းများနှင့် သုံးစွဲရမည့် မဟာဗျူဟာ ရေးရာများကို ချမှတ်ခဲ့ပါတယ်။
၎။ ဗိုလ်သန်းရွှေက ၂၀၀၉ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့ ကြပ်ပြေးလေဆိပ်မှာ UN အစည်းအဝေးကို သွားရောက်မည့် ဗိုလ်သိန်းစိန်ကို လိုက်ပို့ခဲ့ပါတယ်။ ဗိုလ်မောင်အေး၊ ဗိုလ်ရွှေမန်း၊ ဗိုလ်တင်အောင်မြင့်ဦး၊ ရေချုပ်၊ လေချုပ်၊ စရဖချုပ်၊ တိုင်းမှူး ဗိုလ်ဝေလွင်တို့ လိုက်ပို့ပြီး တက်ရောက်မဲ့ လေယာဉ်အနီး သံတမန် တစ်ဦးက ဗိုလ်သိန်းစိန်ကို တတွတ်တွတ်ပြောနေတယ်လို့ သိရပါတယ်။

၅။ ထိပ်တန်းလျှို့ဝှက် အစည်းအဝေးက နအဖအနေနဲ့ အပေးအယူ လုပ်ခိုင်းတဲ့ အရေးကြီးဆုံး အချက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရင် US က အနောက်နိုင်ငံများနှင့် မြန်မာနိုင်ငံ အပြန်အလှန် သံအမတ်ကြီး အဆင့် ပြန်လည်ထားရှိဖို့နှင့် အနောက်နိုင်ငံများရဲ့ စစ်အာဏာရှင်များအား ဗီဇာ ပိတ်ပင်ထားမှုကို ရုတ်သိမ်းဖို့ တောင်းဆိုသွားမှာ ဖြစ်ပါတယ်။ ဒါကလည်း US က တိုက်ရိုက်ဆွေးနွေးဖို့ လိုလားတယ်လို့ လေသံပစ်နေပြီ ဖြစ်ပါတယ်။ လာမဲ့ ရွေးကောက်ပွဲမှာ နအဖ အနေနဲ့ ကြိမ်းသေပေါက် နိုင်မယ်လို့ တွက်ထားပြီး နိုင်အောင်လည်း အပေါ်လမ်း အောက်လမ်း နည်းပေါင်းစုံနဲ့ လုပ်မှာ ဖြစ်လို့ နိုင်ငံတကာက ထောက်ခံအသိအမှတ်ပြုမှု ရရှိရေးကို အပူတပြင်း ကြံစည်ဆောင်ရွက်နေတယ်လို့ သိရှိရပါတယ်။

၆။ တဖန် US အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲဝင်ခွင့်ပြုဖို့ ထပ်မံတောင်းဆိုလာရင် စီးပွားရေးပိတ်ဆို့မှုအား နအဖက ရုတ်သိမ်းခိုင်းမှာ ဖြစ်ပါတယ်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မဲ့အချိန်ဟာ ဗိုလ်သန်းရွှေ စားပွဲပေါ်ရှိ ရွေးကောက်ပွဲ ဥပဒေစာအုပ်ကြီး ကြေညာပြီးမှ လွှတ်မယ်၊ ဒါမှမဟုတ် မကြေညာခင် လွှတ်မယ်ဆိုတာကတော့ နအဖရဲ့ ၀ှက်ဖဲတစ်ချပ်သာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။
ဖိုးတရုတ်ဘလော့မှကူးယူဖေါ်ပြသည်။

No comments:

Post a Comment