ondragstart="return false" onselectstart="return false"

Sunday, September 27, 2009

နိုင်ငံစုံ ဆွေးနွေးရေးနဲ့ အသွင်ကူးပြောင်းရေး---(ဟန်ညောင်ဝေ ၏နိုင်ငံရေး သုံးသပ်ချက်)

စာဖတ်ပုရိတ်သတ်များခင်ဗျား။။ အောက်ပါဆောင်းပါးဟာ စိတ်ဝင်စားစရာကောင်းသော ဆောင်းပါးတပုဒ်ဖြစ်ပါတယ်။

ဦးအောင်ခင်

မြန်မာ့ပြဿနာ ဖြစ်ပွါးရတဲ့ အကြောင်းအရင်းရှာဖွေရာမှာ နိုင်ငံရေး၊စီးပွါးရေး၊လူမှုရေးနဲ့ အခြေခံ ဥပဒေရေး ရာကို လေလ့လာ ဆန်းစစ်ကြပါတယ်။ အမျိုးသားရေး သို့မဟုတ် တိုင်းရင်းသား အရေးမှာ စစ်တပ်နဲ့ ပြည်သူ အယူအဆ ကွဲပြားတာကို ပညာသား ပါပါ အသေအချာ မလေ့လာရသေးဘူးလို့ ရှမ်းအမျိုးသား ဟန်ညောင်ဝေက သူ့ဆောင်းပါမှာ ဆိုပါတယ်။ တိုင်းရင်းသား ပြဿနာ နဲ့ အသွင်ကူးပြောင်းရေးမှာ ရင်ဆိုင်ရမယ့် ပြဿနာတွေကို ဘယ်လ်၈ျီယံနိုင်ငံ ဘရာဇယ်မြို့  အခြေစိုက် ယူရိုမားမား အော့ဖစ် ညွှန်ကြားရေးမှူး ဟန်ညောင်ဝေက စာတမ်းပြုစုထားပါတယ်။
ဟန်ညောင်ဝေဟာ မြန်မာနိုင်ငံရဲ့ ပဌမဆုံး သမ္မတ စောရွှေသိုက်ရဲ့ သားတဦး ဖြစ်ပါတယ်။
ဗမာနဲ့  တိုင်းရင်း သား အမြင်ချင်း မတူပုံကို တင်ပြထားတာပါပဲ။

ဗမာမင်းတွေ မပေါ်မီ ရှေးဦးကလ ကတည်းက မြန်မာပြည်မှာ ရခိုင် ၊မွန်နဲ့ ၊ရှမ်းလူမျိုးတွေ နေထိုင်ခဲ့ကြပါ တယ်။ အောက်မြန်မာ ပြည်ကို မွန်ခမာ ကြီးစိုးပြီး အညာဒေသကို ရှမ်းမင်းဆက် အုပ်ချုပ်ပါတယ်။ ၁၁ ရာစု အနော်ရထာ လက်ထက်ရောက်မှ ပဌမ မြန် မာနိုင်ငံ ပေါ်လာတာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင်ဒေသကို စစ်နိုင်ပြီး နိုင်ငံတော် တည်ဆောက်ပုံကို ဗမာတွေ ဂုဏ်ယူလေ့ရှိပါ တယ်။ ဒုတိယ မြန်မာနိုင်ငံ တော်ကို တပင်ရွှေထီးနဲ့ ဘုရင့်နောင်က တည်ထောင်ပါတယ်။ ရှမ်းပြည်နဲ့ ယိုးဒယားကို အောင်နိုင်တဲ့ ဘုရင်နော့င်ဟာ လက်ရှိ ဗမာ အစိုးရဲ့ သူရဲကောင်းကြီးပါ။ ၁၈ ရာစု အလာင်းဘုရား လက်ထက် မှာ တတိယ မြန်မာ နိုင်ငံ တော် ကို ထူထောင်ပြီး ဗိုလ်ချုပ်ကြီးနေ၀င်း လက်ထက်မှာ စတုတ္တနိုင်ငံတော်၊လက်ရှိ စစ်အစိုးရက ပဉ္စ္မ မြန်မာ နိုင်ငံတော်စသည်ဖြင့် အသီးသီး အသက အသက တည်ထောင်တယ်လို့ စစ်တပ်က ယုံကြည်ပါတယ်။

၁၉ ရာစုမှာ အင်္ဂလိပ်နယ်ချဲ့ ၀င်လာတဲ့ အတွက် ဗမာနိုင်ငံတော်ပျက်စီးရတယ်သွားရပါတယ်။ အင်္ဂလိပ်က ပြည်နယ်၊ပြည်မ ခွဲခြား ပြီး အုပ်ချုပ်တဲ့အတွက် ပြည်နယ်တွေဟာ ဗမာ တွေ အုပ်ချုပ်တာကို လက်မခံ တော့တာလို့ ဗမာ အစိုးရ ဘက်ကက မြင်ပါတယ်။ ဒါကြောင့် ဗမာနိုင်ငံတော်ကို ပြန်လည်တည်ဆောက်ဖို့ ပြည်ချစ် ဗမာတိုင်းမှာ တာဝန်ရှိတယ်လို့ စစ်တပ်က မြင်ပါတယ်။ တိုင်းရင်းသားတွေ ကလည်း အင်္ဂလိပ် ၀င်လာလို့ သူတို့ မင်းဆက်တွေ ပျက်စီးရတယ်လို့ မြင်ပါတယ်။ ဒါပေမယ့် အင်္ဂလိပ်ဝင် လာ တာဟာ တိုင်းရင်း သားတွေ အတွက် အခွင့်ကောင်းရသွားပါတယ်။ အထူးသဖြင့် ရှမ်းနဲ့ ကရင်နီအတွက် နိုင်ငံထူထောင်ဖို့ လမ်း ပွင့် သွားပါတယ်။ ရခိုင် နဲ့ မွန်ကတော့ နိုင်ငံတည်ဆောက်နိုငတဲ့ အခြေ အနေ မရှိတော့ပါဘူး။ ကိုလိုနီ ခေတ် မတိုင်မီက နိုင်ငံ မရှိခဲ့တဲ့ ချင်း၊ ကျင်နဲ့ ကရင်တိုင်းရင်းသားတွေဟာ အင်္ဂလိပ်စစ်တပ်မှာ အမှုထမ်း ခဲ့တဲ့ အတွက် အင်္ဂလိပ်က အသိအမှတ်ပြုတာ ကို ခံကြရပါတယ်။
ဗမာအမျိုးသား ၀ါဒီတွေက အင်္ဂလိပ်ကို ဆန့် ကျင်နေကြတုန်း တိုင်းရင်းသားတွေက အင်္ဂလိပ်ကိုသစ္စာရှိ နေ တာဟာ လူမျိုးရေး ပတိပက္ခဖြစ်ဖို့ လမ်းခင်ေးပးသလို ဖြစ်သွားပါတယ်။ ဥပမာ ဒုတိယ ကမ္ဘာစစ်အစမှာ ဗမာ မျိုးသားဝါဒီတွေက ၈ျပန်တပ်ကို ကူညီ နေတုန်း ကရင်က အင်္ဂလိပ်ကို သစ္စာရှိနေတာဟာ ကရင်ဗမာ ပတိပက္ခကို ဖန်တီိးသလိုဖြစ်နေပါတယ်။ ပင်လုံသဘောတူချက်အေပေါ်မှာ အခြေခြုံပီး ပြည်ထောင်စု တည် ဆောက်တာကို တိုင်းရင်းးသာေးတွက လိုလားပါတယ်။ဗမာ စစ်တပ်ကတော့ တသွေးတသံ တမိန့် စနစ်ကို ပဲကြိုက်နှစ်သက်ပါတယ်။
ဗမာစစ်တပ်က တိုင်းရင်းသားကိုရက်ရက်စက်စက် တိုက်ခိုက်နေတာဟာ ဗမာနိုင်ငံတော်ကို တည်ထောင်ဖို့ ကြ။ိုးပမ်းနေသလို ဖြစ်နေပါတယ်။ ဒါကြောင့် တိုင်းရင်းသားတွေဟာ သူတို့ လူမျိုး ရှင်သန်ရေးအတွက် လက်နက် ကိုင်တိုက်ပွဲဝင်နေရတာ ဖြစ်ပါ တယ်။ တိုင်းရင်းသားက ကိုယ်ပိုင်ပြဌာန်းခွင့်ကို လိုချင်ပြီး ဗမာက
ဗဟိုလ်ချုပ် ကိုင်မှု ထားချင်တာဟာ ကွဲပြားခြားနားတဲ့ အမြင်နှစ်မျိုး ဖြစ်ပါတယ်။ဒီလို အယူအဆ ကွဲပြား နေတာဟာ စစ်အုပ်ချုပ် ရေး ရုပ်သိမ်းလိုက်တာနဲ့ တိုင်းရင်းသားတွေ ခွဲထွက်လိမ့်မယ်ဆိုတဲ့ အမြင်ကို အားပေးသလို ဖြစ်နေပါတယ်။ဒါကြောင့် ဒီပြဿနာ ကိုဖြေရှင်းဖို့ လိုပါတယ်။

တိုင်းရင်းသား ပြဿနာကိုဖြေရှင်းဖို့ အခက်အခဲတွေ့ နေတုန်း မြန်မာ့နိုင်ငံရေး ပြဿနာကို ဒီမိုကရေစီနဲ့ အာဏာရှင်စနစ် ပြိုင် ဆိုင်မှု သဘောမျိုး သတင်းမီဒီယာတွေကဖော်ပြနေတာဟာ ပြဿနာကို ပိုပြီး ရှုပ် ထွေးစေတယ်လို့ ဟန်ညောင်ဝေက ဆိုပါ တယ်။ မြန်မာ့နိုင်ငံရေးကိုအကောင်းနဲ့ အဆိုး ပြိုင်ဆိုင်မှုလို့ ယူဆရင် အပြန်အလှန်လိုက်လျှောဖို့ မဖြစ်နိုင်တော့ပါဘူး။ အဲဒီလိုဆိုရင် အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ဖို့လည်း မဖြစ်နိုင်တော့ပါဘူး။ တဖက်ကနိုင်ရင် တဖက်က ရှုံးရမလိုဖြစ် နေ ပါတယ်။ အားလုံးက အနိုင်ရအောင်လုပ်ဖို့ မဖြစ်နိုင်ပါဘူး။ အနိုင်အရှုံး ပြိုင်မယ်ဆိုရင် ဒီမိုကရေစီနဲ့ တိုင်းရင်းသား အုပ်စုဘက်က ရှုံးပြီး စစ်တပ်ကသာ အနိုင်ရဖွယ်ရှိပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ဂန္ဓီကြီးရဲ့ နှလုံးရည်တိုက်ပွဲမျိုး ဆင်နွှဲ ပြီးနေရင်း ဖိနှိပ်မှုကို ဆန့် ကျင်နေရင်းတွေ့ ဆုံ ဆွေးမှုကို တောင်း ဆိုနေချိန်မှာပြည်ပရောက် ဒီမိုကရေစီအုပ်စုထဲမှာတော့ စစ်အစိုးရကို အပြုတ်တိုက်ရေး ကြွေးကျော်နေပါကြတယ်။ လက်တွေ့ အဖြေရှာရေးကိုအဓိက ဦးစားမပေးတော့ဘဲ ဗမာစစ်ဗိုလ်ချုပ်တွေကို ဒဏ်ပေးချင်တဲ့ စိတ်ကပိုများနေတာ ဖြစ်ပုံရ ပါ တယ်။ မြန်မာပြည်မှာဒီမိုကရေစီစနစ်ကျင့်သုံးရုံနဲ့ ပြဿနာ ပြေလည် သွားမှာ မဟုတ်ပါဘူး၊ တိုင်းရင်းသား ပြဿနာဟာ လွတ် လပ်ရေးရကတည်းက စခဲ့တာ မဟုတ်ပါ လား။


လွတ်လပ်ရေးရပြီးမကြာခင်မှာ ကွန်မြူနစ်တွေ တောခိုသွားပါတယ်။ နောက်တော့ ပြည်သူ့ ရဲဘော်နဲ့ အစိုးရ တပ်ရင်းအချို့ တောခို သွားပြန်ပါတယ်။ ၁၉၄၉ မှာ ကရင်လက်နက်ကိုင်တော်လှန်ရေး စပါတယ်။ ကရင်စစ်ဦးချုပ်နေရာကို ဗိုလ်ချုပ်ကြီးနေ၀င်းနဲ့ အစား ထိုး တဲ့အချိန်ကစပြီး ဗမာကြီးစိုးတဲ့ စစ်တပ် ပေါ်ထွက် လာတာပါဘဲ။ တိုင်းရင်းသားပြဿနာကို အခုထက်ထိ မဖြေရှင်းနိုင် သေး ပါဘူး။ဒါကြောင့် ကုလသမဂ္ဂ အထွေထွေညီလာခံ ၁၉၉၄ ဆုံးဖြတ်ချက်အတိုင်း စစ်အုပ်စု ၊ဒီမိုကရေစီအုပ်စုနဲ့ တိုင်းရင်းသား အုပ် စုတွေ ဆွေးနွေးပြီး မြန်မာ့ ဒီမိုကရေစီ ပြဿနာတွေ ဖြေရှင်းသင့်တယ်လို့ ဟန်ညောင်ဝေက ယူဆပါတယ်။
ဒီကြားထဲ ဗမာ စစ်အစိုးရကိုဒဏ်ခတ်အရေးယူမလား၊ ပေါင်းသင်းဆက်ဆံမလား ဆိုတဲ့ ပြဿနာကလည်း ရှိပါသေးတယ်။ အတိုက်အခံနဲ့ ဆွေးနွေးလာအောင်ရည်ရွယ်ပြီး စစ်အုပ်စုကို ဒဏ်ခတ်အရေးယူတာဖြစ် တယ်လို့ ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေး ဦးစားပေးသူတွေက ယုံကြည်ပါတယ်။ ဗမာစစ် အုပ်စု နဲ့ ဆက်ဆံဖို့ လိုလားသူတွေကတော့ စီးပွါးရေးလက်တွဲ လုပ်ရင်းဗိုလ်ချုပ် တွေကို ဖြောင်းဖြ ပြောဆိုရင်း ပြုပြင်ရေး လုပ်ခိုင်းဖို့ ရည်ရွယ်ပါတယ်။ ဒီ ရည်ရွယ်ချက် ၂ ခုစလုံး မအောင်မြင်သေးပါဘူး။

ဒါပေမယ့် ဗမာဗိုလ်ချုပ်တွေကို အပြစ်ပေးချင်လို့ ဒဏ်ခတ် လို့ဆိုရင်တော့ အောင်မြင်တယ်လို့ပြောနိုင်ပါ တယ်။ဒဏ်ခတ် အရေး ယူ တဲ့ အတွက် မြန်မာ့ပြဿနာကို ကမ္ဘာက စိတ်ဝင်စားလာတာ ဟာ ဒဏ်ခတ်မှုရဲ့ အကျိုးကျေးဇူးပါဘဲ။
ဗမာဗိုလ်ချုပ်တွေ လုပ်ပုံကိုင်ပုံတွေကို ယဉ်ကျေးတဲ့ လူ့ အဖွဲ့ အစည်းက လက်မခံနိုင်ကြောင်း ပြသတဲ့အနေနဲ့ ဒဏ်ခတ် အေ၇း ယူတာလဲရှိပါတယ်။ အနိုင်ကျင့်ခံနေရတဲ့ မြန်မာ ပြည်သူပြည်သားတွေဘက်က ရပ်တည် ကြောင်း ပြသတဲ့အနေနဲ့ စစ်အစိုးရကို ဒဏ်ခတ်တာပါပဲ။ မြန်မာ့အရေးဟာ ကမ္ဘာ့အရေး လိုဖြစ်လာတဲ့ အတွက် ဒီရည်ရွယ်ချက်တွေ အောင်မြင်တယ်လို့ ဆိုနိုင်ပါတယ်။ မြန်မာပြည် ပြောင်းလဲသွားတာကို နိုင်ငံတကာ ကမ္ဘအသိုင်းအ၀ိုင်းက မြင်ချင်ရင် မဟာဗျူဟာ သစ်ချမှတ်ဖို့ လိုအပ်ပါတယ်။ ဗမာစစ်အစိုးရရယ်။ အိမ်နီးချင်း အစိုးရတွေရယ် ၊ ဥရောပသမဂ္ဂ၊ ကုလသမဂ္ဂ၊၈ျပန်၊ရုရှနဲ့ အမေရိကန် ပါဝင်တဲ့ အဖွဲ့စုံ ဆွေးနွေးပွဲ ကျင်းပနိုင်ရင်မြန်မာပြည်က အုပ်စုအားလုံး အကျိုးရှိနိုင်တယ်လို့ ရှမ်းအမျိုးသား ဟန်ညောင်ဝေက သုံးသပ်တင်ပြပါတယ်။

၁၉။၉။၀၉ ဦးအောင်ခင် စာအုပ်စင်

No comments:

Post a Comment