ondragstart="return false" onselectstart="return false"

Friday, September 25, 2009

သရက်ထောင်မှ ပြန်လွတ်လာသူ နိုင်ငံရေးအကျဉ်းသား ထောင်တွင်းအတွေ့အကြုံများ ပြောကြား

လွတ်ငြိမ်းချမ်းသာခွင့် ဖြင့် ထောင်တွေကို ဘယ်လောက်ပဲခါထုတ်နေပါစေ ကျွန်နုပ်တို့  ကရင်နိုင်ငံရေးအကျဉ်းသား တွေကို လွတ်ရက်စေ့ဒါတောင်မှ ဘယ်တော့မှမလွတ်ပါ. အဘယ်ကြောင်းနည်း အဖြေက ရှင်းနေပါသည်။ ကျွန်ပ်တို့ ကရင်လူမျိုးတွေကို ခောတ်အဆက်ဆက်က ဗမာအစိုးရတွေက မုန်းတီးနာကြည်း ပြီး ငါတို့ တွေကို စနစ်တကျဖျက်စီးနေပါသည်။ ဒါတွေကို ကရင်တမျိုးသားလုံးနားလည်ထားကြပါ။ မြို့ နေကရင်လူထုတွေလည်း မျက်စိဖွင့်နားစွင့်ပြီး ကိုယ့်အမျိုးသားရေးကို တတ်နိုင်တဲ့ဖက်က ပါဝင်ပူးပေါင်းကြပါ။ ထောင်ထဲမှာ ရှိတဲ့ ကေအဲန်ယူ ကရင့်ရဲဘော်တွေဟာ ငါတို့ ရဲ့ ဂန္တ၀င်သူရဲကောင်းတွေပါ။ ဒါတွေကို ဘယ်တော့မှ မမေ့ကြနဲ။ ဒါတွေကို ငါတို့  ကရင်တွေ မေ့ရင် ကျဆုံးပြီးသွားတဲ့ အဇာနည်တွေ စွန့် လွတ်အနစ်နာခံခဲ တဲ့ သူရဲကောင်းတွေကို ငါတို့  သစ္စာဖေါက်ရန် ရောက်ပါသည်။ တာဝန်ရှိသူတွေလည်း ဒါတွေကို စနစ်တကျ စာရင်းပြုစု ပြီးမှတ်တမ်းတင်စေချင်ပါသည်။ ကရင့်အမျိုးသားရေးလွတ်မြောက်ရေးသည် KNU ကရင်အမျိုးသားအစည်းအရုံး တခုတည်းတွင်တာဝန်ရှိသည် မဟုတ်ပါ။ ကရင်လူမျိုးတိုင်းမှာ တာဝန်ရှိပါသည်။ ကရင်လူမျိုးတွေ ဗမာပြည်တွင် တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့် မရှိနေသေးသ၍ ကရင်လူမျိုးတို့ ရေ ကရင်မသေတာဝန်မကျေ ပဲဆိုဒါ မှတ်ယူထားပါ။ ငါတို့ အသက်ရှည်နေသ၍ ဒီမတရားမှူတွေရှိနေသေးသ၍ ဒါတွေကို တွန်းလှန်ဖို့  ဆိုဒါ ငါတို့  ရဲ့အမျိုးသားရေးတာဝန်ဝတ္တရားပဲဆိုဒါ ပြောကြားလိုပါသည်။ ကရင်အမျိုးသားအစည်းအရုံးကို တောင့်တင်းခိုင်မာအောင် ၀ိုင်းဝန်းပူးပေါင်းပါဝင်ကြပါလို့ တိုက်တွန်းလိုပါသည်။ အဘယ်ကြောင့်ဆိုသော် ကရင်လူမျိုးတို့ ရဲ့အခွင့်အရေးကို ခေတ်အဆက်ဆက် KNU ကရင်အမျိုးသားအစည်းအရုံး တခုတည်းသာ ကရင်အမျိုးသားတွေအတွက် မားမားမတ်မတ် ရပ်တည်ပြီး တိုက်ပွဲဝင်လာခဲ့ဒါ ဖြစ်ပါသည်။ ကျန်အဖွဲ့  အစည်းများသည် အမျိုးသားကို ဘန်းပြပြီး ဘာမှမယ်မယ်ရရ မလုပ်ပဲ ကိုယ်ကျိုးရှာနေကြသည် ကို မျက်ဝန်းထင်ထင် တွေ့ မြင်ကြရပါသည်။ ဒါတွေကို ကရင်အမျိုးသားတို့  ခွဲခြားမြင်တတ်ရန် နှင့် ပူးပေါင်းပါဝင်လာ ကြရန် နိုးဆော်လိုက်ရပါသည်။ ဗိုလ်သန်းမြင့်ရွေရေ....မင်းကို ငါတို့  မမေ့ဘူး...မင်းဟာ..ငါတို့ ကရင်အမျိုးသားတွေရဲ့ သူရဲကောင်းတွေထဲက တစ်ဦးပါ။။။။။။။။

ခေတ်ပြိုင် သတင်းဌာနမှ

မြန်မာစစ်ကြောရေးက အဓမ္မပြုမူခြင်းများကြောင့် နိုင်ငံရေးအကျဉ်းသားများ ကြီးမားသောနစ်နာဆုံးရှုံးမှုများနှင့် ကြုံတွေ့နေကြရသည်ဟု မကြာသေးခင်က သရက်ထောင်မှပြန်လွတ်လာသူ နိုင်ငံရေးအကျဉ်းသားတဦးက ပြောသည်။

ယခုလ (၁၈) ရက်တွင် သရက်အကျဉ်းထောင်မှ ပြန်လွတ်လာပြီး ယမန်နေ့က ထိုင်း-မြန်မာနယ်စပ်သို့ ရောက်ရှိလာသူ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်) အဖွဲ့ဝင်ဟောင်းတဦးဖြစ်သူ ကိုရန်အောင်ရွှေက ပြောကြားခြင်းဖြစ်သည်။

၎င်းက “၁၉၉၉ ခုနှစ်မှာ အဖမ်းခံရပြီး ထောင် (၁၅) နှစ်ကျတယ်။ အခု (၁၁) နှစ်ရှိတဲ့အချိန်မှာ သရက်ထောင်ကနေ နအဖက ပြန်လွှတ်ပေးတယ်။ ကျနော်က အေဘီအက်စ်ဒီအက်ဖ် တပ်ရင်း (၉၀၉) မိုးထောင်စခန်းကပါ။ ကျနော့်ကိုဖမ်းပြီး အမှတ် (၆) ထောက်လှမ်းရေး မရမ်းကုန်းမှာ စစ်ကြောရေးဝင်ပြီး စွဲချက် (၃) မှုနဲ့ ထောင် (၁၅) နှစ် ကျခံရပါတယ်။ အဲဒီအမှုတွေထဲမှာ ကျနော်နဲ့ လုံးဝပတ်သက်ခြင်း မရှိတဲ့ ၁၉-က အမှုဖြစ်တဲ့ လက်နက်ရောင်းဝယ် ဖောက်ကားမှုနဲ့ ကျနော့်ကို မတရားအကွက်ဆင်ခဲ့တယ်။ ထောက်လှမ်းရေးက ရိုက်နှက်ပြီး ထမင်းမကျွေး၊ ရေမတိုက်ဘဲ (၃) ရက်ဆက်တိုက် နှိပ်စက်ပြီး စစ်ချက်ကို ရယူခဲ့တယ်။ နိုင်ငံရေးမှုနဲ့ လူတွေအများစုဟာ ဒီလိုပုံစံမျိုးနဲ့ နှစ်ရှည်ပြစ်ဒဏ်တွေ ကျခံနေကြရတယ်” ဟု ပြောသည်။

နိုင်ငံရေးနှင့် ဆက်နွှယ်သည့်အမှုများကို ပြစ်မှုကြီးသထက်ကြီးစေရန်အတွက် မတရားဖမ်းဆီးနှိပ်စက်၍ မဟုတ်မမှန် စစ်ချက်များ ထွက်ဆိုရန် မြန်မာစစ်ကြောရေးက အဓမ္မပြုကျင့်သည်ဟုလည်း ၎င်းက ပြောသည်။

ထောင်ကျခံနေရစဉ်အတွင်း မိမိအပါအ၀င် နှစ်ရှည်အကျဉ်းသားအချို့မှာ မိသားစုဘ၀ပြိုလဲခဲ့ရကြောင်း၊ သာမန်ပြည်သူတဦး အဖြစ် နေထိုင်ရာမှာလည်း မလွယ်ကူတော့ကြောင်း၊ နိုင်ငံရေးအမှုဖြင့် ထောင်မှထွက်လာသူများသည် အာဏာပိုင်များ၏ စောင့်ကြည့်မှု နေ့စဉ်ခံနေရသဖြင့် ယခုကဲ့သို့ နယ်စပ်သို့ ထွက်ခွာလာရခြင်းဖြစ်ကြောင်း ကိုရန်အောင်ရွှေက ပြောသည်။

အချို့နှစ်ရှည်ထောင်ဒဏ်ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများမှာ ထောင်ဝင်စာတွေ့မည့်သူပင်မရှိဘဲ ဒုက္ခရောက်နေကြကြောင်း ၎င်းက ပြောသည်။

“တချို့ဆို ထောင်ထဲမှာ (၂၅) နှစ်ကျော်ပြီး မထွက်ရသေးတဲ့ အကျဉ်းသားတွေရှိတယ်။ ထောင်ထဲမှာ အပြင်လောကနဲ့ ဘာအဆက်အသွယ်မှ မရကြဘူး။ ကျန်းမာရေး ဆိုးရွားနေတဲ့ ကေအန်ယူက ဗိုလ်သန်းမြင့်ရွှေဆိုရင် ထောင်ထဲမှာ (၂၅) နှစ်ကျော်ပြီး အခုသရက်ထောင်က အဆောင် (၉) မှာ ရှိတယ်။ ကေအန်ယူကလူတွေ သူ့ကို အဆက်အသွယ်လုပ်ကြဖို့၊ သူရှိနေသေးတယ်ဆိုတာ ပြောပေးဖို့ ကျနော့်ကို အမှာပါးလိုက်ပါတယ်။ အဲလိုလူမျိုးတွေ အခြားထောင်ထဲမှာလည်း အများကြီးရှိတယ်” ဟု ပြောသည်။

ကေအန်ယူမှ ဗိုလ်သန်းမြင့်ရွှေသည် ၁၉၈၃ ခုနှစ်က ဘားအံမြို့ မြိုင်ကလေး ဘိလပ်မြေစက်ရုံမှ ပြင်သစ်ပညာရှင် ဇနီးမောင်နှံကို ကေအန်ယူတပ်ဖွဲ့ဝင်များက ၀င်ရောက်ဖမ်းဆီးခေါ်ဆောင်သွားရာတွင် ပါဝင်ပြီး မြန်မာစစ်တပ်၏ ဖမ်းဆီးခြင်းခံရသူ ဖြစ်သည်။

ကိုရန်အောင်ရွှေကျခံရသည့် ပြစ်ဒဏ်များမှာ လ၀ကအမှုဖြင့် (၅) နှစ်၊ ၁ရ/၁ တရားမ၀င်အဖွဲ့အစည်းနှင့် ဆက်သွယ်မှုဖြင့် (၃) နှစ်၊ ၁၉-က တရားမ၀င် လက်နက်ရောင်းဝယ်ဖောက်ကားမှု (၇)နှစ် ကျခံခဲ့ရပြီး အကျဉ်းကျကာလ (၁၁) နှစ်ဖြင့် ပြန်လွတ်လာခြင်းဖြစ်သည်။

No comments:

Post a Comment