ondragstart="return false" onselectstart="return false"

Wednesday, September 30, 2009

အချင်းချင်း အပစ်ရပ်ကြရန် မြိုင်ကြီးငူဆရာတော် စာထုတ်ဝေ

ဒီသတင်းကို အတည်ပြုရန် မဖြစ်နိုင်သေးပါ။ အဘယ်ကြောင်းနည်း ? ထုတ်ဝေသည့်ရက်စွဲနှင့် ဆရာတော်လက်မှတ် မပါဟုဆိုထားပါသည်။ အကယ်၍ မြိုင်ကြီးငူ ဆရာတော် တကယ်ထုတ်ပြန်သည့်စာဖြစ်သည့်တိုင် စာထုတ်ဝေပြီး တပ်မဟာ (၆) (၇) (၅) (၃) ဒေသတွင် ဒီကေဘီအေ တပ်တို့ နအဖ ခိုင်းသမျှ ယနေ့ အထိသောင်းကျန်းနေဒါတွေဟာ ယုတ္တိမရှိတဲ့အရာတွေပါ။ တကယ်ပြန်လည်သင့်မြတ်ရေးလမ်းကို ရွေးချယ်မယ်ဆိုရင် (၁)နအဖ ရဲ့ လက်ကိုင်တုတ် ခိုင်းစရာသတ္တ၀ါ တွေအဖြစ်မှ ပထမဦးဆုံး ရုန်းထွက်ပါ။ (၂) တပ်မဟာ (၇)(၆)(၅)(၃) ဒေသတွင် နအဖ နှင့်တွဲဖက် ပါဝင်နေသောဒီကေဘီအေ တပ်တွေ အားလုံးပြန်ဆုတ်ပြီး ကိုယ့်ဟာကိုယ်အေးအေးဆေးဆေး နေကြပါ။ (၃) နအဖ တပ်များ ကေအဲန်ယူ ကို ထိုးစစ်ဆင်ရာ၌ ဒီကေဘီအေတို့  ထိန်းချူပ်ရာနယ်မြေတွေ၌ ရွာသားတွေကို အကာအကွယ်ပေးပါ။
အထက်ပါ အချက်တွေဟာ လက်တွေ့ ဆန်သည့် ပထမဦးဆုံး စတင်လုပ်ဆောင်ရမည့် အရာများဖြစ်သည်။ အကယ်၍ ဒါတွေကို လက်တွေ့ မပြနိုင်ရင် ဒီစာသည် တမင်ရည်ရွယ်ချက်ရှိရှိ ထုတ်ပြန်သည့်စာဖြစ်၍ ရှေးတလှမ်းတိုးဖို့ အတွက် နောက်တလှမ်းကို ဆုတ်ပြီး ဒီကေဘီအေ တို့  ခေတ္တာ ခွန်အားပြန်လည်စုဆောင်းခြင်းသာ ဖြစ်သည်။ ဘယ်သူက စတိုက်သနည်း ? ဘယ်သူက ကရင့်အမျိုးသားရေးကို သွေဖယ်ပြီး ကိုယ်ကျိုးအတွက် မိုက်မဲစွာ စစ်ခင်းကြသနည်းဆိုဒါ အများပြည်သူ အားလုံးသိပြီး ဖြစ်ပါသည်။
သေချာဒါက ဒီကေဘီအေ ထိပ်ပိုင်းခေါင်းဆောင် တချို့ ဟာ ကရင်တွေ မဟုတ်ကြတော့ပါ။ ကရင်သွေး ကရင်စိတ် မရှိတော့တဲ့သူ တွေကို အခွင့်အရေး ဆက်ပေးနေခြင်းသည် မီးမြိုက်ထားသော အဆိပ်ပင်ကို ပြန်ပြီး နေရာရွေ့  စိုက်ပြီး အသက်ဆက်ရန် အတွက် ရေလောင်းပေးနေသလို ဖြစ်မည်ဆိုဒါ အားလုံးကို အသိပေးလိုပါသည်။ ဗမာလူမျိုးတိုင်း အကုန် မဆိုးဘူး…..ကရင်လူမျိုးတိုင်း..အကုန် မကောင်းဘူး.. မကောင်းသူကိုဖယ်…ကောင်းသူများနှင့် လက်တွဲ ကြရပါမည်။။။။။ အဓိက တရားခံသည် နအဖ စစ်အာဏာရှင် လူတစုနှင့် ကရင်အမျိုးသားသစ္စာဖေါက် ကိုယ်ကျိုးကြည့် အချောင်သမား တစ်စုသာဖြစ်သည်။

စက်တင်ဘာလ ၃၀ရက်။ ကေအိုင်စီ

ကေအဲန်ယူနှင့် ဒီကေဘီအေ နှစ်ဖက်လက်နက်ကိုင် သားတပည့်များ မိမိတို့ ကရင်အချင်းချင်း တိုက်ခိုက်သတ်ဖြတ်နေကြသည်ကို ရပ်ဆိုင်း၍ လာမည့် နှစ်သစ်ကူးနေ့ မတိုင်မီ အပစ်အခတ်ရပ်စဲကြရန် မြိုင်ကြီးငူအထူးဒေသမှ ဆရာတော်ဘဒ္ဒန္တ သုဇနက ယမန်နေ့က စာထုတ်ဝေလိုက်သည်။
ဆရာတော်၏ ပြုံးရယ်နေသော ဓာတ်ပုံနှင့် ‘မြိုင်ကြီးငူအထူးဒေသ’စာလုံးနောက်ခံများဖြင့် ရေးသားထားသည့် ဆရာတော်စာ ၏ အစတွင် “မမျှော်လင့်ဘဲ ဒီကေဘီအေ အဖွဲ့အစည်းတရပ် ဗြုန်းစားကြီး ပေါ်ပေါက်လာကာ ကေအဲန်ယူနှင့် ဒီကေဘီအေ ဟူ၍ ကရင်အမျိုးသားလက်နက်ကိုင်နှစ်ဖွဲ့ ဖြစ်လာရခြင်းမှာ သမိုင်း၏ တောင်းဆိုချက်အရ ဖန်တီးဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း” ထည့်သွင်းရေးသားထားသည်။

ထုတ်ဝေသည့်ရက်စွဲနှင့် ဆရာတော်၏ လက်မှတ် ရေးထိုးထားခြင်းမရှိသည့် အဆိုပါစာ၏ အဆုံးပိုဒ်တွင် “နှစ်ဖက်သော လက် နက်ကိုင်အဖွဲ့သားများသည် အတိတ်မှ ဆိုးကျိုးများကို သင်ခန်းစာယူလျှက် အချင်းချင်း အပြန်အလှန် သင်ပုန်းချေပြီး နား လည်ခွင့်လွှတ်ကြကာ မတူညီသည့် အတွေးအခေါ်များကို တူညီမှုရသည်အထိ တွေ့ဆုံညှိနှိုင်းဆောင်ရွက်ကြစေလိုသည်”ဟူ၍ ပါရှိသည်။
ထိုကိစ္စနှင့်ပတ်သက်၍ ကေအဲန်ယူ တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်စောဂျော်နီက “ကျနော်တို့က သင်ပုန်းချေခဲ့နေတာ ကြာပါပြီ။ အပစ်ခတ်ရပ်ဖို့ဆိုရအောင် ဒီကေဘီအေက နအဖနဲ့ပေါင်းပြီး ကျနော်တို့ကို အာရ်ပီဂျီဗုံးသီးတွေနဲ့ လာပစ်သွားတာကိုတောင် ရှောင်ခွာပေးခဲ့တာ ကျနော်တို့ ငြိမ်းချမ်းရေးကို လိုလား၊ မလိုလား သိနိုင်ပါတယ်။ လွန်ခဲ့တဲ့နှစ်တွေကလည်း ဒီလိုပဲ စာရေးလာ ပြီး ဆရာတော်ရဲ့ အရိပ်အောက်မှာ ပြန်လာနေခိုင်းတယ်။ ဒီကေဘီအေဟာ သက်တမ်း ၁၅နှစ်ရှိပြီ။ နအဖခိုင်းတာ လုပ်ပြီး ကိုယ့်ကရင်လူထုကိုတောင် ဘာမှမကာကွယ်ပေးနိုင်ရင် ကျနော်တို့ပြန်သွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စာနဲ့ပဲရေးနေပြီး အ ကောင်အထည်မဖော်နိုင်တော့ ဘာအဓိပ္ပါယ်ရှိမှာလဲ”ဟု ကေအိုင်စီကို ပြောသည်။
ပြီးခဲ့သည့် ဇွန်လက နအဖတပ်များ၏ နောက်ခံပေးမှုနှင့် ဒီကေဘီအေက ကေအဲန်ယူက တပ်မဟာ(၇)ကို ထိုးစစ်ဆင်ရာ တပ် မဟာဌာနချုပ်နှင့် တပ်ရင်းနေရာများကို ကေအဲန်ယူမှ စွန့်ခွာပေးခဲ့ရသည်။ ၎င်းအပြင် ဒီကေဘီအေတပ်ဖွဲ့ဝင်များသည် နအဖ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ ကေအဲန်ယူ တပ်မဟာ(၆)နှင့် တပ်မဟာ(၅)ကို ဆက်လက်၍ ထိုးစစ်ဆင်လှုပ်ရှားလျှက်ရှိသည်။
ဒီကေဘီအေတပ်ဖွဲ့သည် မြိုင်ကြီးငူဆရာတော်၏ ဦးဆောင်မှုအောက်တွင်သာ ယခုအချိန်ထိ ရပ်တည်လျှက်ရှိသည့်အတွက် ဆရာတော်သည်သာ အခရာအကျဆုံး ပုဂိုလ်ဖြစ်ပြီး ဒီကေဘီအေ ထိပ်ပိုင်းခေါင်းဆောင်များကို အမိန့်ပေး ညွှန်ကြားနိုင်သူဖြစ် သည်ဟုလည်း ဗိုလ်မှူးချုပ်စောဂျော်နီက ထောက်ပြပြောဆိုခဲ့သည်။
လွန်ခဲ့သည့် သြဂုတ်လပိုင်းက ဒီကေဘီအေ (၉၉၉)တပ်မဟာမှ ဗျူဟာမှူး ဗိုလ်မှူးကြီးစောချစ်သူက ဒီကေဘီအေအနေဖြင့် ငြိမ်းချမ်းရေးကို လိုလားပြီး အမျိုးဘာသာ၊ သာသနာထွန်းကားရေးအတွက် မြိုင်ကြီးငူဆရာတော်ဘုရားကြီး၏ လမ်းညွန်မှုဖြင့် လုပ်ဆောင်နေကြောင်းနှင့် နယ်စပ်သို့ထွက်ပြေးနေရသည့် ကရင်ရွာသူရွာသား ဒုက္ခသည်များ ၎င်းတို့ရပ်ရွာသို့ ပြန်မလာနိုင် အောင် ကေအဲန်ယူမှ မိုင်းထောင်ထားကြောင်း စွပ်စွဲကာ ထုတ်ပြန်ချက်တစောင် ရေးသားခဲ့သေးသည်။
မြိုင်ကြီးငူဆရာတော်၏ ထုတ်ပြန်စာအပေါ် ဒီကေဘီအေ အရာရှိများ၏ အမြင်သဘောထား သိရှိနိုင်ရန် ကေအိုင်စီမှ ဆက် သွယ်မေးမြန်းသော်လည်း အဆက်အသွယ်မရခဲ့ပေ။
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ)သည် ၁၉၉၄ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)မှ ခွဲထွက်ကာ မြန်မာစစ်အစိုးရနှင့် ပြန်လည်ပူးပေါင်းခဲ့ပြီး ထိုနှစ် ဒီဇင်ဘာလ ၂၁ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ သည့် ကရင်လက်နက်ကိုင်အဖွဲ့တခု ဖြစ်သည်။

No comments:

Post a Comment